ဟေရှာယ၏ ဧဝံဂေလိတရား(Isaiah’s Gospel)

ဟေရှာယသည် ဓမ္မဟောင်းကျမ်းမှ ပရောဖက်တစ်ဦးဖြစ်သည်။ သူ၏ ဆက်ကပ်မှုကို “ အကျွန်ုပ်ရှိပါ၏” ဟူသော စကားအားဖြင့် တိုင်းတာ ခြုံငုံနိုင်သည်။ ထိုစကားသည် ယေရုရှလင်ဗိမာန်တော်၌ ဘုရားသခင်၏ ဘုန်းတော်ရူပါရုံမြင်မက်ခဲ့ပြီးနောက် သူပြောသော စကားဖြစ်သည်။ ထိုအချိန်၌ သူသည် မိမိညစ်ညူးမှုကို သိမြင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်း ကို လက်ခံရရှိကာ မိမိဘဝအသက်တာကို အပ်နှံခဲ့သည်။

သူသည် ဘုရားသခင်၏ မြင့်မြတ်တော်မူခြင်းနှင့် သန့်ရှင်းတော်မူခြင်းကို လေးနက်စွာ နားလည်ပြီး ထိုအကြောင်းကို မရပ်မနားဟောပြောခဲ့သည်။ သူရေးသားသော ဟေရှာယအနာဂတ္တိကျမ်းတစ်လျှောက်လုံးတွင် ဘုရားသခင်အား “ သရေလ၏ သန့်ရှင်းသော ဘုရား” ဟု ၂၈ ကြိမ်တိုင်တိုင် ဖော်ပြထားသည်။ ကျန်ကျမ်းတစ်ခုလုံး စုစုပေါင်းလျှင်ပင် ၆ ကြိမ်သာ တွေ့ရသည်။

သခင်ဘုရား ကယ်တင်သည်” ဟု အဓိပ္ပါယ်ရှိသော အမည်နာမ ပိုင်ရှင် ဟေရှာယသည် ယေရုရှလင်မြို့တွင်နေ၍ ထို၌ ဘုရားအမှုတော်ဆောင်သူ ဖြစ်သည်။ ယုဒဘုရင်လေးပါးဖြစ်သော သြဇိမင်း၊ ယောသံမင်း၊ အာဟပ်မင်း၊ ဟေဇကိမင်းတို့ လက်ထက်တွင် သူပရောဖက်ပြုခဲ့သည်။ သူသည် ဘုရင်များထံ လွယ်ကူစွာ ဝင်ရောက်ခစားနိုင်သူဖြစ်ပြီး ယုဒနိုင်ငံနှင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံများအတွက် ဘုရားသခင့် ကိုယ်စား စကားပြောသူဖြစ်သည်။

ဘုရင်များနှင့် နိုင်ငံများတို့၌ ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်မှုကို ဟောပြောသော ဤ ပရောဖက်ကို “ ဧဝံဂေလိ ပရောဖက်” ဟု ခေါ်ဆိုလျှင် အသင့်တော်ဆုံးဖြစ်ပေမည်။ ဓမ္မသစ်ကျမ်း၌ ကျွန်ုပ်တို့အတွက် ရေးသားထားသော ဧဝံဂေလိသတင်းကို သူသည် ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။ သို့သော် သူသည် ခရစ်တော်၏ ဧဝံဂေလိတရားကိုမူ ထိုကယ်တင်ရှင် ဖွားမြင်ခြင်းမခံမီ နှစ်ပေါင်း ၇၀ ကတည်းက တရားဟောခဲ့သည်။ သူ၏ ပရောဖက်ပြုစကားမှာ သမိုင်းအချက်အလက်များဖြစ်လာသည်။ ဟေရှာယခရစ်ဝင်ကျမ်း ဟုပင် ခေါ်ဝေါ်ထိုက်ပေသည်။

 

 

ခရစ်တော်၏ ဖွားမြင်တော်မူခြင်း

ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်၊၊ ကြည့်ရှုလော့၊၊ သတို့သမီးကညာသည်၊ ပဋိသန္ဓြေွယူ၍၊ သားယောက်ျားကို ဘွားမြင် လတံ့၊၊ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့ ” ( ဟေရှာယ ၇း၁၄ )။ ယနေ့ ကျွန်ုပ်တို့သည် အပျိုစင်နှင့် သူမ၏ ကလေးဆိုသည်နှင့် မာရိနှင့် ယေရှုဟု တန်းသိကြသည်။ ဟုတ်ပါသည်၊ သခင်ယေရှုသည် အပျိုစင်မှ မွေးဖွားလာသူဖြစ်သည်။ ဤ ပရောဖက်ပြုချက် ပြည့်စုံခြင်းကို ရှင်မဿဲ ၁း၁၈-၂၅ တွင် မှတ်တမ်းတင် ထားသည်။ ခရစ်တော်ဖွားမြင်မည့်အကြောင်း ကြိုတင်ကြေညာချက်ကို ရှင်လုကာ ၁း၂၆-၃၈ တွင်လည်း တွေ့ရသည်။

ဟေရှာယက မွေးဖွားလာမည့် သူငယ်သည် ရှင်ဘုရင်ဖြစ်မည်ဟုလည်း ပရောဖက်ပြုခဲ့သည်။ “အကြောင်းမူကား၊ ငါတို့အဘို့သူငယ်ကို ဖွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်း ကို ခံတော်မူလိမ့်မည်။” (ဟေရှာယ ၉း၆-၇)။ မာရိကိုလည်း ကောင်းကင်တမန် ဂါဗြေလက “သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အား ပေးတော်မူမည်။

ထိုသူ သည်လည်း ယာကုပ်အမျိုးအနွှယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏ နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟု ပြောဆို၏။” ဟု ပြောထားခဲ့သည် ( ရှင်လုကာ ၁း၃၂-၃၃ )။ ရှင်မဿဲ ၂း၂အရ ယေရှုသည် “ ယုဒရှင်ဘုရင်အဖြစ် ဖွားမြင်” လာသူဖြစ်သည်။

 

ခရစ်တော်၏ လူထုရှေ့ အမှုတော်လုပ်ငန်း

ရှင်မဿဲက ဗတ္တိဇံဆရာယောဟန်၏ အမှုတော်လုပ်ငန်းကို ဟေရှာယ ၄၀း၃ ပြည့်စုံခြင်းအဖြစ်မြင်ခဲ့သည်။ “ထိုကာလအခါဗတ္တံဇံဆရာယောဟန်သည်ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည်တည်လုနီးပြီ။ထိုကြောင့် နောင်တရ ကြလော့ ဟု ယုဒတော၌ဟောလေ၏။ပရောဖက်ဟေရှယ ဟောဘူးသည်ကား၊ တော၌ဟစ်ကျော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကိုပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟူသောအချက်၌ ထိုယောဟန်ကိုဆိုလိုသတည်း။”  ယောဟန်သည် သခင်ယေရှု၏ လူထုရှေ့ ထွက်ပေါ်လာခြင်းနှင့် အမှုတော်ဆောင်ခြင်းတို့၏ ရှေ့ပြေး အသံဖြစ်သည်။

 

ယေရှုကိုယ်တော်တိုင်က ဟေရှာယ ၆၁း၁-၂သည် မိမိ၌ ပြည့်စုံခြင်း ရောက်ကြောင်း ဤသို့ အသိအမှတ်ပြုခဲ့သည်။ “ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသား တို့အားဝမ်းမြောက်စရာ သိတင်းကိုကြားပြောစေခြင်း ငှါငါ့ကိုဘိသိက်ပေးတော်မူပြီ။ ကြေမွသော သူတို့၏အနာကို ပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထား လျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင် ပြန်ခြင်းအကြောင်း ကိုပြစေခြင်းငှါ၎င်း၊ ညှင်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကိုကြား ပြောစေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီ။” ( ရှင်လုကာ ၄း၁၈၊၁၉ )။  ရှင်လုကာက ထိုကျမ်းချက်မှာဟေရှာယအနာဂတ္တိကျမ်းမှ” ဖတ်ကြားခြင်းဖြစ်ကြောင်း ရှင်းပြထားသည် ( ရှင်လုကာ ၄း၁၇ )။ ယေရှုသည် ဆင်းရဲသောသူ၊ နှလုံးကြေမွသောသူ၊ ကျွန်ခံရသောသူ၊ မျက်စိကန်းသောသူနှင့် အနှိမ်ခံများထံ အမှုတော်ဟောပြောကြောင်း ရှင်းလင်းစွာ တွေ့နိုင်ပေသည်။ ထိုအမှုတော်အားလုံးကို ဘုရားသခင့် ဝိညာဉ်တော်၏ တန်ခိုးအောက်၌ ပြုတော်မူခဲ့ခြင်းဖြစ်သည်။

 

သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။” ( ရှင်ယောဟန် ၁း၁၁)။ တမန်တော် ရှင်ယောဟန် က ယုဒလူများနှင့် ပတ်သက်၍ ဤသို့ရေးထားသည်။ “တဖန် ပရောဖက် ဟေရှာယ ဟောပြန်သည်ကား၊…သူတို့မျက်စိကို ကွယ်စေတော်မူ၏။ သူတို့စိတ်နှလုံးကို မိုက်စေတော်မူ၏ ဟူသော စကားကြောင့် ထိုသူတို့ သည် ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။” ( ရှင်ယောဟန် ၁၂း၃၉၊ ၄၀ )။ ဟေရှာယက သရေလလူများ မိမိတို့ မေရှိယအရှင်အား ငြင်းပယ်ခဲ့ ခြင်း အကြောင်းကို ကြိုတင်ဟောခဲ့သည်။ ကားတိုင်ပေါ်တင်သတ်ခြင်း သည် ခရစ်တော်အား သူတို့ လုံးလုံး ငြင်းပယ်ကြောင်း ပြသသော အဓိက အချက်ပင်။ ကြည့်မြင်ရန် ငြင်းဆန်သောသူထက် ပိုကန်းသောသူ မရှိပြီ။

ဟေရှာယက ယေရှုသည် ဂါလိလဲရှိ ဘာသာခြား တပါးအမျိုးသားများ အတွက်လည်း အလင်းဖြစ်မည်ဟု ပရောဖက်ပြုထားသည်။ “မှောင်မိုက် ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသော အလင်းကိုမြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက် ရှိ၏၊၊” (ဟေရှာယ ၉း၂)။ ဟေရှာယ ပရောဖက်ပြုထားသည့်နည်းတူ ယေရှုသည် “ ကြီးစွာသော အလင်း” ဖြစ်ပေသည်။ ထိုအကြောင်းကို ရှင်မဿဲက ရှင်မဿဲ ၄း၁၂-၁၇တွင် ပြန်ညွှန်းထားသည်။

 

ခရစ်တော်၏ အသေခံခြင်း၊ သဂြုဟ်ခံရခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း

ဟေရှာယ ၄၄း၆ တွင် “ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရား၊ ဣသရေလအမျိုးကို ရွေးနှုတ်သော၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏၊၊ ငါမှတပါး အခြားသော ဘုရားသခင်မရှိ၊၊” ဟု ရေးသားထားသည်။ စိတ်ဝင်စားစရာ ကောင်းလှသည်မှာ ထိုရွေးနှုတ်ရှင် သည် “ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား” ဖြစ်နေခြင်းပင်။ ထိုသူကား မည်သူဖြစ်လိမ့်မည်နည်း။ ထိုသူကား “ ငါသည် အစဦးဆုံးဖြစ်၏၊ နောက်ဆုံးလည်းဖြစ်၏” ဟု ပြောဆိုသောသူပင်။ ဗျာဒိတ်ကျမ်းတွင် ယေရှုက မိမိကိုမိမိ အစဦးဆုံးနှင့် နောက်ဆုံးဖြစ်ကြောင်း သုံးကြိမ် မိတ်ဆက်ပေးသည် ( ဗျာဒိတ် ၁း၈၊၁၇၊ ၂၂း၁၃ )။

ကျွန်ုပ်တို့၏ ရွေးနှုတ်ရှင်ဖြစ်သော ယေရှုက အဘယ်အမှုကို ပြုခဲ့သနည်း။ဟေရှာယက မဆိုင်းမတွဘဲ ဤသို့ပြောခဲ့သည်။ “သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင် ဆောင်ရွက်လေ၏၊၊ ဒဏ်ခတ်တော်မူခြင်းကိုင်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကိုင်း ခံရသောသူ ဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ၊၊ထိုသူသည် ငါတို့လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏၊၊ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်း သည် သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏၊၊ ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွား ကြသည်ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ် တင်တော်မူ၏၊၊”  (ဟေရှာယ ၅၃း၎-၆ )။

အထက်ပါကျမ်းချက်၏ ပြည့်စုံခြင်းသည် ယေရှုဖြစ်ကြောင်း မဿဲက ရှင်မဿဲ ၈း၁၆-၁၇ တွင် ဤသို့ အသိအမှတ်ပြုခဲ့သည်။ “ညဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ဆောင်ခဲ့၍ နှုတ်တော် မြွက်ကာမျှနှင့် ထိုနတ် တို့ကိုနှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှ တို့ကိုသက်သာစေတော်မူ၏။ထိုအကြောင်း အရာမူကား၊ သူသည် အကျွန်ုပ်တို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယဟောဘူးသော စကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။” ဟေရှာယ ၅၃ကို ပြန်ရည်ညွှန်းခြင်းဖြစ်သည်။ “ ဒဏ်ချက် တော်အားဖြင့် ကျွန်ုပ်တို့ အနာပျောက်လျက်ရှိပြီ” ဟု ရှင်ပေတရုက ရေးသားခဲ့ရာတွင် ဟေရှာယ ပရောဖက်ပြုချက်နှင့် ယေရှုကို ညွှန်းခဲ့ခြင်း ဖြစ်သည် ( ၁ ပေတရု ၂း၂၄ )။ ဟေရှာယအခန်းကြီး ၅၃သည် ကျွန်ုပ်တို့ အတွက် အသေခံ၍ ကျွန်ုပ်တို့၏ ရွေးနှုတ်ရှင်ဖြစ်သော ယေရှု၏ အကြောင်းကို ဖော်ပြသည့် ကျမ်းချက်ဖြစ်ကြောင်း ပေါ်လွင်လှသည်။

ဟေရှာယက “ သေပြီးမှ သူဌေး၌ ရှိ၏” ဟု ယေရှုသည် ယောသပ် အမည်ရှိသော အရိမသဲမြို့သား သူဌေးတစ်ဦး၏ သချုင်းအုတ်ဂူအသစ်၌ သဂြဟ်ခံရမည့်အကြောင်းကို ကြိုဟောခဲ့သည် ( ရှင်မဿဲ ၂၇း၅၇-၆၀ )။

၁ ကောရိ န္တု ၁၅ကို ရှင်ပြန်ထမြောက်ခြင်းကျမ်းချက်ဟု ခေါ်သည်။ ယေရှုခရစ်သည် သေခြင်းမှ ထမြောက်တော်မူပြီး အသက်ရှင်နေသော ကယ်တင်ရှင်ဖြစ်သောကြောင့် သူ့အပေါ်ထားရှိသည့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည်လည်း အချည်းနှီး မဟုတ်ပေ။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့၌ အသက်ရှင်သော မျှော်လင့်ခြင်း ရှိသည်။ ဟေရှာယ ၂၅း၈ ၌ “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။” ဟု ကျွန်ုပ်တို့ တွေ့ရသည်။ တမန်တော်ရှင်ပေါလုက ယင်းအချက်ကို ဤသို့ မှီငြိမ်း ထားသည်။ “သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌ လာချက် ပြည့်စုံလိမ့်မည်” ( ၁ ကော ၁၅း၅၄ )။ အပြစ်နှင့် သေခြင်းအပေါ် ယေရှု အောင်မြင်နိုင်ခြင်းသည် ကျွန်ုပ်တို့၏ အောင်မြင်ခြင်းဖြစ်သည်။

ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း သင်တို့အား ရှေ့ဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည် အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။ ” ( ၁ ကော ၁၅း၃-၄)။ ကျမ်းစကား ပရောဖက်ပြုသော အချက်များသည် ခရစ်တော်၏ အသေခံခြင်း၊ သဂြုဟ်ခံရခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း တို့၌ သမိုင်းကျကျ မှန်ကန် ပြည့်စုံခဲ့လေပြီ။

 

ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာတော်မူခြင်း

ဟေရှာယသည် ခရစ်တော်၏ ညှင်းပန်းနှိပ်စက်ခံရခြင်းအကြောင်းကိုသာ ရေးသည်မဟုတ်၊ ဘုန်းနှင့် တကွ ဒုတိယအကြိမ်ပြန်ကြွလာမည့် အကြောင်းကိုလည်း ရေးသားထားသည်။ ဟေရှာယ ၅၉း၂၀ တွင် “ရွေးနှုတ်သော သခင်သည် ဇိအုန်တောင်ပေါ်သို့ကြွ၍၊ မတရားသောအမှု မှလွှဲသော ယာကုပ်အမျိုးသားတို့ရှိရာသို့ ရောက်လတံ့။” ဟု ကျွန်ုပ်တို့ တွေ့ရသည်။ ယင်းအချက်ကို ရောမ ၁၁း၂၆ တွင် တမန်တော် ရှင်ပေါလုက ခရစ်တော်၏ ဒုတိယအကြိမ်ပြန်ကြွလာမည့် ကတိတော်အဖြစ် ပြန်လည် ကိုးကားထားသည်။ ယေရှုကိုယ်တော်တိုင် က “ငါသည်… တဖန်လာပြန်မည်” ဟု မိန့်တော်မူခဲ့ပြီ (ယောဟန် ၁၄း၃)။ ကိုယ်တော်သည် မိမိဥစ္စာတို့ကို သိမ်းယူဖို့ရန် ပြန်ကြွလာမည်။

 

ယေရှုသည် စိုးစံဖို့ရန် ပြန်လာအုံးမည်။ “ကြည့်ရှုလော့၊၊ တရားသဖြင့် အုပ်စိုးသောရှင်ဘုရင်တပါးပေါ်ထွန်းတော်မူလိမ့်မည်၊၊ ” (ဟေရှာယ ၃၂း၁ )။ ထိုရှင်ဘုရင်ကို “ အညွှန့်” ဟု သမုတ်ထားသည် ” ထိုကာလ၌ ထာဝရဘုရား၏ အညွန့်သည် ဘုန်းအသရေပွင့်လန်းလိမ့်မည်” (ဟေရှာယ ၄း၂)။  ကြွလာတော်မူသော အခါ “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌၎င်း၊ ပေါင်တော်၌ ၎င်း၊ ရေးထားလျက်ရှိ၏။” ( ဗျာဒိတ် ၁၉း၁၆ )။

ဟေရှာယက ကိုယ်တော်သည် တရားစီရင်ခြင်းဌါ ကြွလာမည်ဟုလည်း ကြိုဟောထားခဲ့သည်။ “ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြင်းစွာသော  အရှိန်အားဖြင့် အမျက်တော်ကိုင်း၊ မီးလျှံအားဖြင့် ဆုံးမတော်မူခြင်းကို ၄င်း၊ ထင်ရှားစွာပြခြင်းငှါ၊ လေဘွေကဲ့သို့သော ရထားတော်တို့ကို စီး၍၊ မီးကဲ့သို့ ကြွလာတော်မူလိမ့်မည်။ ထာဝရဘုရားသည် မီးနှင့်ထားအားဖြင့်၊ လူသတ္တဝါအပေါင်းတို့ကို အပြစ်ပေးတော်မူ၍၊ ထာဝရဘုရား ကွပ်မျက် တော်မူသော သူတို့သည် များကြလိမ့်မည်၊၊” ( ဟေရှာယ ၆၆း၁၅-၁၆ )။ ဓမ္မသစ်ကျမ်း၌  “… သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန် တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်း တော်မူ၍၊ ဘုရားသခင်ကို မသိ သောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သော သူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူ…လိမ့်မည်။… ထိုသူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့်၎င်း၊ တန်ခိုးရှိသောဘုန်းတော်နှင့်၎င်း ကွာ၍၊ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတံ့။” ဟု ကျွန်ုပ်တို့တွေ့ရသည် ( ၂ သက်သာ ၁း၈-၉ )။

ယနေ့ သင့်ကို ပြောစရာ စကား ဘုရားသခင်၌ ရှိသည်။ “လာကြ၊၊ တရားစီရင်ကြကုန်အံ့၊၊  သင်တို့အပြစ်သည် နီသော အဆင်းရှိ သော် လည်း၊ မိုဃ်းပွင့်ကဲ့သို့ဖြူလိမ့်မည်၊၊ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်၊၊” ( ဟေရှာယ ၁း၁၈)။ ထိုမျှလောက် ရှင်းလင်းသော ဟေရှာယ၏ ဧဝံဂေလိတရားကို ကြားလျက်ပင် အဘယ်သူသည် ဆင်ခြင်တုံတရားမဲ့စွာ ထိုပရောဖက် ဟောသော သတင်းစကားကို ငြင်းပယ်လိမ့်မည်နည်း။

 

ဟေရှာယသည် ဘုရားသခင်အား “ အကျွန်ုပ်ရှိပါ၏” ဟု မိမိကိုယ်ကို ဆက်ကပ်အပ်နှံခဲ့ကြောင်း သင်မှတ်မိပေမည်။ သင့်အတွက် အသက်၊ မျှော်လင့်ချက်၊ စိတ်ချမှုနှင့် ယှဉ်သော ဟေရှာယကျမ်းပါ အကြောင်း အရာများကို သေချာ အာရုံစိုက်ပါ။ “သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သောအခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိသည်ဟု မိန့်တော်မူလိမ့်မည်။ …” ( ဟေရှာယ ၅၈း၉ )။ သင်၏ အပြစ်ကို သင်မြင်၍ သင့်ဘဝအသက်တာကို ကိုယ်တော်ထံ “ အကျွန်ုပ် ရှိပါ၏”ဟု ဆက်ကပ်အပ်နှံလျှင် ကိုယ်တော်ကလည်း သင်၏ နောင်တနှင့် ဆုတောင်းခြင်းကို အဖြေပေးပြီး သင်၏ အပြစ်ကို ခွင့်လွတ်ကာ“ ငါရှိသည်”ဟု ပြန်ထူးတော်မူမည်။ ယေရှုသည် သင့်အတွက် အမြဲတမ်း အဆင်သင့်ရှိနေသည်။

 

Translated by:

Burmese-English Translator & Interpreter

laikuativa@gmail . com

or by phone: +614 7704 0815 or +613 8394 2561

 
GotQuestions.org

sharing-your-faith

All About God
 

Scripture taken from the
New King James Version.
Copyright ©
1979, 1980, 1982
by Thomas Nelson, Inc.
Used by Permission.
All rights reserved.

Navigation Tips

Since visitors use different browsers and monitors, and have different preferences in how they navigate through a website, we've provided multiple ways to progress through the studies on KnowingJesusChrist.com.

1) For those who find drop-down, slide-out menus convenient, just hover over the category (menu link on the top bar) and sub-category (menu link in the drop down list).  If there is an arrow to the right of the item, the articles in that category will slide out.  (If there is no arrow, just click on the item.)  Click on any article to read it.  If you have a "wheel mouse," you should be able to roll it toward you to see more of the drop-down menu.

2) If you are unable to see all the drop-down or slide-out items (or just prefer a different way of navigating), click on the category (menu link on the top bar), then on any sub-category in the list that appears.  You will see a list of articles to choose from OR use our Site Map.

3) Most studies are part of a series (category or sub-category).  Each article within the category has a link to the next article so you can progress easily to the next study.

4) At the top of the page, you will also notice "Breadcrumbs" that show which category and sub-category you are in.  You may click on those links to return to the "parent" category or sub-category list.

5) ANSWERS to Review Questions and Quizzes are found in links at the end of the Review Questions or Quiz.  They may also be accessed by clicking on the category (which will show a list of all articles in the category).  The link at the end of the article will cause a pop up window to appear so you may easily refer to other pages on the site; the link in the Category list will open a normal page.

If you're looking for a particular topic, word, or phrase, try the Search feature in the right column.

Close this box by clicking on the top (dark brown) part again.