“သင်တို့သည်သခင်ယေရှုခရစ်ကိုခံယူပြီးသည်ဖြစ်၍၊…ထိုသခင်၌ကျင်လည်ကြလော့။” (ကောလောသဲ ၂း၆ ) သခင်ယေရှုကို သင့်ကယ်တင် ရှင်အဖြစ် မည်သို့လက်ခံခဲ့သနည်း။ ယုံကြည်ခြင်းအားဖြင့်မဟုတ်လော။ ဆိုလိုသည်မှာ ကိုယ်တော်ကို ယုံကြည်သောအားဖြင့် သင်လက်ခံခဲ့ သည်။ “ထိုသူကိုလက်ခံသမျှသောသူတည်း ဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။” (ယောဟန် ၁း၁၂ )။ ယုံကြည်ခြင်းသည် လက်ခံခြင်းဖြစ် သည်။ ကယ်တင်ခြင်းအတွက် ထိုယုံကြည်ခြင်း တစ်ခုသာ လိုအပ်သည်။
သစ်လွင်ယုံကြည်သူတစ်ဦးအနေဖြင့် မည်သည့်အရာများလုပ်ရမည် နည်း။ ကိုယ်တော်အား ယုံကြည်ခြင်းဖြင့် လက်ခံခဲ့သည်နည်းတူ ယုံကြည်ခြင်းအားဖြင့် “ကိုယ်တော်၌ လျှောက်လှမ်းရမည်”။ “ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင် လိမ့်မည်။”( ဟဗက္ကုတ်၂း၎၊ ရောမ ၁း၁၇၊ ဂလာတိ၃း၁၁၊ ဟေဗြဲ၁၀း၃၈ တို့ကိုဖတ်ပါ။ ) ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းအသက်ရှင်ရမည်။
ခြေလှမ်းတစ် - စိတ်ချခြင်း။ ။ ယုံကြည်စိတ်ချမှုအပြည့်သင်၌ ရှိသလော။ သင်သည် သခင်ယေရှုခရစ် ဟူသော ပုဂ္ဂိုလ်တစ်ဦးနှင့်အတူ ဘုရားသခင့်နှုတ်ကပတ်တော်၌ ရေးသားထားသည့် ကိုယ်တော်၏ ကတိတော် ကို ယုံကြည်နေခြင်းဖြစ်သည်။ “ငါတို့အား ပေးတော်မူသော ဂတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူ သော ဂတိတော် ပေတည်း” (၁ယောဟန် ၂း၂၅ )။ သင်သည် ယုံကြည်သူမှန်သလော။ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင် ရသည်ဟုသိစေခြင်း ငှါ၊ ဤအရာအများကို သင်တို့အားငါရေး၍ပေးလိုက်၏။” (၁ယောဟန် ၅း၁၃ )။
ခြေလှမ်းနှစ် - နှုတ်ကပတ်ကျမ်းစာ ။ ။ ဒုတိယမွေးခြင်းခံပြီးသောအခါ သင်သည် ဘုရားသခင်၏ သားသမီး ဖြစ်လာသည်။ “ဘွားစသော သူငယ်ကဲ့သို့၊ ထို(နှုတ်ကပတ်) တရားနို့ကို အလွန်လိုချင်သော စိတ် ရှိကြလော့။” ( ၁ပေတရု ၂း၂ )။ သင့်ကို တည်ဆောက်ပျိုးထောင်ပေးမည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်သာ ဖြစ်သည် (တမန်တော်၂၀း၃၂ )။ သမ္မာကျမ်းစာကို လေ့လာပါ။ လေ့လာသော အရာတို့ကို ဆင်ခြင်ပါ။ အလွတ် ကျက်မှတ်နှလုံးသွင်းပါ။ သမ္မာကျမ်းစာလောက် သင့်ယုံကြည်ခြင်းကို ခွန်အားပေးနိုင်သည့် အရာအခြားမရှိပေ။
ခြေလှမ်းသုံး - ဆုတောင်းခြင်း။ ။ တမန်တော်များသည် ခရစ်တော်၏ နောက်တော်ကို သုံးနှစ်ကြာလိုက် ပြီးသည့်နောက် “ယခုတိုင်အောင် ငါ၏နာမကို အမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက် စရာအကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။”( ယောဟန် ၁၆း၂၄ )ဟု ကိုယ်တော်က မိန့်တော်မူခဲ့သည်။ ယေရှု၏ နာမတော်အားဖြင့် ဘုရားသခင်၏ အထံတော်ကို သင်ယုံကြည်စိတ်ချစွာ တိုးဝင်နိုင်သည်။ ဤအဖြစ်မျိုးအဖြစ်မခံနှင့်၊ “သင်တို့သည်… မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲနေကြ၏။” ( ယာကုပ်၎း၂ )။ ဆုတောင်းခြင်းကို ပုံမှန်လုပ်ရမည့် သင့်ဘဝအစိတ်အပိုင်းတစ်ခုဖြစ်စေပါ။
ခြေလှမ်းလေး - မိတ်သဟာယ။ ။ ကျမ်းစာယုံကြည်သူများ စုဝေးကြရာ မိတ်သဟာယ၌ ပါဝင်ပါ။ “ထိုမှတပါး၊ မေတ္တာစိတ်ရှိ စေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ကိုရှာ၍၊ အချင်းချင်း တယောက်ကိုတယောက် ထောက်စာကြည့်ရှုကြကုန်အံ့။လူအချို့တို့၏ ထုံးစံရှိသည် အတိုင်း၊ အချင်းချင်း စည်း ဝေးခြင်းအမှုကို မရှောင်လွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည် ကို ထောက်သဖြင့်၊ သာ၍ကြိုးစားကြလော့။” (ဟေဗြဲ၁၀း၂၄၊၂၅ )။” ငါတို့ သခင်တည်းဟူသော သားတော်မြတ်သခင်ယေရှုနှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့အား ပေးတော်မူ သော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏” (၁ကော၁း၉) ဟူသောကျမ်းစကားကို စိတ်စွဲမြဲမှတ်သားပါ။ သိုးစုတော်များအကြားတွင် ကောင်းသောသိုးထိန်းကို သင်တွေ့မြင်ပါလိမ့်မည်။
ခြေလှမ်းငါး - သန့်ရှင်းသောဝိညာဉ်တော်။ ။ ခရစ်ယာန်အသက်တာ၏ အဓိကအင်အားစုမှာ ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်သော ဘုရားသခင့်ဝိညာဉ်တော်ပင် ဖြစ်သည်။”သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိ အတိုင်း ကျင့်ကြကုန်အံ့”ံ့ ( ဂလာတိ၅း၂၅ )။ ဘုရားသခင်၏ ဝိညာဉ်တော်သည် သာသနာပြုသော ဝိညာဉ်ဖြစ်ပြီး သခင်ဘုရားအကြောင်းသက်သေခံသော ယုံကြည်သူများ အသက်တာကို စွမ်းအားများပေးသည်( တမန်တော်၁း၈ )။ ကျွန်ုပ်တို့ကို “ ဝိညာဉ်တော်နှင့် ပြည့်ဝ” ဖို့ရန်စေခိုင်း ထားသည် ( ဧဖက် ၅း၁၈ )။ ဝိညာဉ်တော်သည် သူပိုင်ဆိုင်သော လူများကိုသာ ပြည့်ဝစေသည်။ “လူအပေါင်းတို့သည် သေလျက်နေကြသည်ဟူ၍၎င်း၊ အသက်ရှင်သော သူတို့သည် တဖန်ကိုယ်အလိုသို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူ၏ အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည်” (၂ကော ၅း၁၅ )။
ယုံကြည်ခြင်းဖြင့်အသက်ရှင်ရင်း ထိုအမှုသည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းဖြစ်ကြောင်း သင်တွေ့ရှိလာလိမ့်မည်။ နောဧနှင့် ဧနောက်တို့လည်း ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့ကြသည်။ သခင်နှင့်အတူ လျှောက်လှမ်းသော သင်၏ ခြေလှမ်းတိုင်းသည် ဝမ်းမြောက်ပီတိဖြစ်ဖွယ် အတွေ့အကြုံ ဖြစ်ပါစေ။
Translated by: or by phone: +614 7704 0815 or +613 8394 2561




